အင်္ဂပူ ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ယမန်နေ့နေ့လယ်ပိုင်းက ငဝန်မြစ်ကမ်းပါးပြိုကျမှုကြောင့် ကညင်တပင်ကျေးရွာမိုင်တိုင်အမှတ်(၇/၄)နှင့် (၇/၆)အကြား အင်္ဂပူမြို့နယ်နှင့်ညောင်ကျိုးဒေသသို့ ဆက်သွယ်ထားသည့် ကားလမ်းကို ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။
အဆိုပါ ငဝန်မြစ်ကမ်းပြိုကျမှုကြောင့် ကားလမ်းအကျယ်(၅)ပေခန့် ကျန်ရှိသည့်အတွက် မော်တော်ဆိုင်ကယ်များ သွားလာနိုင်ပြီး ကားကြီး၊ ကားငယ်များအား ယမန်နေ့ညနေ၅-နာရီချိန်မှစတင်ခေတ္တယာယီပိတ်ထားခဲ့ပြီး ကားကြီး၊ ကားငယ်များ မဲဇလီကုန်း-ဆင်သေ-အိုးကွဲ - အင်းကောက်လမ်းမှ သွားလာလျက်ရှိပါကြောင်း သိရသည်။
မန်းကျော်