ဟင်္သာတမြို့နယ်၊  ဒူးယားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ၊ လူငယ်ကဏ္ဏဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ဟင်္သာတ ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ဒူးယားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ကဏ္ဏအဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဒူးယားမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ဝင်းခိုင်က ကျောင်းသား/သူများအား "လူငယ်နှင့်စည်းကမ်း"၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက"ဗလငါးတန်ဖွံ့ဖြိုးဖို့ ဒို့လူငယ်တွေစာဖတ်စို့ "ခေါင်းစဥ်ဖြင့်ဟောပြောပြီး၊ ဒူးယားမြို့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူးဦးနေအောင်က"လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်"အကြောင်း ဟောပြောခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးမာ၊ ဒူးယားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူးဦးနေအောင်နှင့် ဒူးယားအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းခိုင်တို့က ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား/သူများ စာပေဖတ်ရှုလေ့လာနေမှုများကို သွားရောက်ကြည့်ရှုခဲ့ကြပြီး  ပြန်ဆက်ဦးစီးဌာနမှပြသထားသော "သဘာဝပတ်ဝန်းထိမ်းသိမ်းကာကွယ်ရေးဆိုင်ရာ နံရံကပ်စာစောင်များနှင့် မုန်တိုင်းအန္တရာယ်၊ မြေပြိုမှုအန္တရာယ်မျာဖြစ်ပေါ်လာလျှင် မည်ကဲ့သို့ဆောင်ရွက်ရမည့် နံရံကပ်စာစောင်"တို့ကို ကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြသည်။အဆိုပါ ဟောပြောပွဲသို့ ဒူးယား မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိဦးနေအောင်နှင့်တာဝန်ရှိသူများ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမာနှင့်ဝန်ထမ်းများ ဒူးယားအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ဝင်းခိုင်နှင့် ဆရာမများကျောင်းသား/သူ စုစုပေါင်း(၇၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခရိုင်(ပြန်ဆက်)