မြန်အောင် ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/မြန်အောင်မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ဥပဒေရေးရာနှင့် တရားစီရင်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်က မြန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်အောင်မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦအောင်သိန်း၊ ဦးခင်မောင်သက်၊ ဒေါ်စန်းမြင့်တို့က "ဥပဒေနှင့်အညီ ခုခံချေပဖို့ နွမ်းပါးပြည်သူကူညီကြဖို့" ဆောင်ပုဒ်နှင့်အညီ ဥပဒေဆိုင်ရာအထောက်အကူတောင်းခံခွင့်ရှိသူများ၊ ဥပဒေဆိုင်ရာအထောက်အကူပေးနိုင်သည့်လုပ်ငန်းများ၊ အခြေခံမူများ၊ ရည်ရွယ်ချက်များနှင့် ဥပဒေဆိုင်ရာအထောက်အကူပေးရေးနည်းလမ်းများအကြောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများက ဥပဒေရေးရာများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းကြရာ မြန်အောင်ခရိုင်/မြန်အောင်မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)