ဟင်္သာတ ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)တွင်၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကိုယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပြန်ဆက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်သူဇာက "ယနေ့လူငယ်များနှင့်မူးယစ်ဆေးအန္တရာယ်" အကြောင်းသိကောင်းစရာများကို ဟောပြောခဲ့ပြီးနောက် တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများမှ သိရှိလိုသောမေးခွန်းများကို ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။အသိပညာပေးဟောပြောပွဲအပြီးတွင် လူငယ်ကဏ္ဏဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ဝိုင်းဆက်လက်ကျင်းပခဲ့ရာ ကျောင်းသား၊ကျောင်းသူများမှ မိမိတို့ နှစ်သက်ရာစာအုပ်များကို လေ့လာဖတ်ရူခဲ့ကြပြီးနောက် အသီးသီးပြန်လည် ဆွေးနွေးပြောကြားခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲနှင့်စာဖတ်ဝိုင်းသို့ ဟင်္သာတမြို့ပေါ်ကျောင်းများမှ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ဆရာမများ၊ ဟင်္သာတခရိုင်ပြန်ဆက်ရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)