ညောင်လေးပင်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ညောင်လေးပင် ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေး ရာအသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အ.မ.က (မူလွန်) ဆေးရုံရပ်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ကျောင်းသား/ကျောင်းသူများအား စာအုပ်စာပေများကိုဖတ်ရှုကြည့်ခြင်းဖြင့် အသိပညာဗဟုသုတများစွာရရှိစေတတ်သော "စာအုပ်စာပေလူ့မိတ်ဆွေ"များအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် ရေး အသိပညာပေးအကြောင်းအရာတို့နှင့် ပတ်သက်၍ လူငယ်ရေးရာအသိပညာပေးအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)