မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးသုံးစွဲမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မိုင်းခုတ် ဇွန် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် (Community Center)ခန်းမတွင် ဇွန်လ ၁၂ ရက်နေ့က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးသုံးစွဲမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးမှ ဦးစီးမှူး ဒေါ်ခင်သန္တာအောင်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများအကြောင်း၊ ကျောင်းသားလူငယ်များသည် နိုင်ငံ၏အနာဂတ်ပန်းပွင့်လေးများနှင့်တူသည့်အတွက် မူးယစ်ဆေးကို ဝေးဝေးမှရှောင်ရှားသင့်ကြောင်းနှင့် လူကုန်ကူးမှုနှင့်ပက်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များအကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် မိမိတို့ဘဝ အသိပညာများစွာဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း စသည့်တို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ပြသထားသည့်နံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှု့လေ့လာခဲ့ကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်သန္တာအောင်(ပြန်/ဆက်)