ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် “လင်းလက်နေခြည်”စာကြည့်တိုက်သစ်အား တက်ရောက်ဖွင့်လှစ်

ကျောင်းကုန်း ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကျောင်းအိုင်အုပ်စု၊ ကျောင်းအိုင်ကျေးရွာ “လင်းလက်နေခြည်” စာကြည့်တိုက်သစ်ဖွင့်ပွဲ အခမ်းအနားသို့ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ရောက်ရှိကာ ဧရာ ဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန် ကြီးဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊လှုမှုရေးရာဝန် ကြီး ဦးခင်မောင်ကြည်နှင့် ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက စာအုပ်စာစောင်နှင့်အလှူငွေ (၃)သိန်းကျပ်လှူဒါန်းရာ စာကြည့်တိုက်မှူး ဦးအောင်မြင့်သန်းမှ လက်ခံရယူခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးတင်မောင်+ဒေါ်ခင်မာနီ “သုခကြွယ်” မိသားစုမှ စာအုပ်စာစောင်နှင့်အလှူငွေ (၁) သိန်းကျပ်လှူဒါန်းရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပေါက်ကျိုင်းက လက်ခံရယူခဲ့သည်။

အဆိုပါ “လင်းလက်နေခြည်” စာကြည့်အား မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှလှူဒါန်းသည့်‌ ငွေကျပ်သိန်း(၁၅၀)နှင့် အလှူရှင်မှ လှူဒါန်းငွေ(၆၅)သိန်း၊ စုစုပေါင်း ငွေကျပ်(၂၁၅)သိန်းဖြင့် ဆောက်လုပ်ခြင်းဖြစ်ပြီး၊ အလျား ၂၀ ပေ၊ အနံ ၁၉ ပေ၊ အမြင့် ၁၃ ပေဖြင့် ဆောက်လုပ်ထားခဲ့သည်။ စာကြည့်တိုက် ဆောက်လုပ်မည့်မြေနေရာအား အလှူရှင်အဖွား ဖီနန့်ပွားမှ လှူဒါန်းထားခြင်းဖြစ်ပြီး၊ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကာ စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်