ဒေးဒရဲမြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များ စီးနင်းသုံးစွဲမှုမရှိစေရေး စစ်ဆေးဆောင်ရွက်

ဒေးဒရဲ ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှ အခြားတိုင်းဒေသကြီးသို့ ဒေးဒရဲတံတားမှတစ်ဆင့် ခရီးသွားလာလျက်ရှိသည့် ပြည်သူများ လုံခြုံအေးချမ်းစွာ ခရီးသွားလာနိုင်စေရေးနှင့် လိုင်စင်မဲ့ယာဥ်များ စီးနင်းသုံးစွဲမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဒေးဒရဲတံတားလမ်းတစ်လျှောက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေးဒရဲမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းလှိုင် ဦးဆောင်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနက တပ်ဖွဲ့ဝင်များ၊ ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီနှင့် မြို့ပေါ် ရပ်ကွက်များက အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ခရီးသွားပြည်သူများနှင့်မော်တော်ယာဥ်များအား လုံခြုံရေးစစ်ဆေးပေးခြင်း၊ လိုင်စင်မဲ့မော်တော်ယာဥ်များ စီးနှင်းမှုမရှိစေရေး၊ မော်တော်ယာဥ်နှင့် ဆိုင်ကယ်များယာဥ်နံပတ် အတုတပ်သုံးစွဲမှုမရှိစေရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း