ဘိုကလေးမြို့နယ်တွင် လူငယ်စကားဝိုင်းနှင့်ဟောပြောပွဲကျင်းပ

ဘိုကလေး ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၀)နာရီ အချိန်က လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စကားဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်၊ ဘိုကလေးမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများ တက်ရောက်ကြပြီး စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က ကျောင်းသား/သူ လူငယ်မောင်မယ်များနှင့်အတူ “လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှုူ၊ လူငယ်နှင့်အတွေးအခေါ်၊ လူငယ်နှင့် အောင်မြင်မှု”စသော ခေါင်းစဉ်များဖြင့် လူငယ်များအတွက် အကျိုးဖြစ်ထွန်းဖွယ်ရာ၊ လေ့လာ မှတ်သားစရာများအား မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုများအပေါ် စကားဝိုင်း တက်ရောက်ကြသော ကျောင်းသား/သူ လူငယ်မောင်မယ်များက မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။

စကားဝိုင်းအပြီးတွင် အဆိုပါကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က “လူငယ်တို့အနာဂတ် လှပဖို့ စာဖတ်ကြပါစို့”ခေါင်းစဉ်ဖြင့် စာဖတ်ခြင်း၏တန်ဖိုး၊ စာဖတ်ခြင်းဖြင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူး၊ ဂုဏ်၊ဒြပ်များအားဖော်ညွှန်းလမ်းညွှန်ကာ အသိပညာပေးဟောပြောခဲ့ကြောင်းနှင့် ကဏ္ဍစုံအသိပညာပေး နံရံကပ်စာစောင်များကိုလည်း ချိတ်ဆွဲပြသခဲ့ကြောင်း သိရသည်။

မိုးစက်