ဒေးဒရဲမြို့၌ ရေသန့်ထုတ်လုပ်ရောင်ချလျက်ရှိသည့် စက်ရုံများသို့ သတ်မှတ်ချက်များနှင့်အညီ ရောင်းချစေရေး ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရေသန့်ထုတ်လုပ်ရောင်းချလျက်ရှိသည့်စက်ရုံများအား ကျန်းမာရေးနှင့်ညီညွတ်စွာ ထုတ်လုပ်ရောင်းချနိုင်ရေး၊ သတ်မှတ်ချက်နှင့် ကုန်ညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာဌာနများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရေသန့်ဘူးများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် Cool World ရေသန့်စက်ရုံသို့ ကွင်းဆင်း၍ စျေးကွက်အတွင်းသို့ ဖြန့်ဖြူးလျက်ရှိသည့် ရေသန့်ဘူးများအား ကျန်းမာရေးနှင့် ညီညွတ်စွာ ထုတ်လုပ်နိုင်ရေး၊ ရေသန့်ဘူးများတွင် မြန်မာဘာသာ ကုန်အညွှန်းအမှတ်သားနှင့် (FDA) ထောက်ခံချက် ပြည့်စုံစွာ ကပ်နှိပ်ရောင်းချနိုင်ရေး၊ စျေးကွက်သို့ ဖြန့်ဖြူးမည့် ရေသန့်ဘူးများအား နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေပဲ အမိုးအကာအောက်တွင် လုံခြုံစွာ ထားရှိနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်ချက်များ မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း