ကျောင်းကုန်း ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ကြီးကြပ်မှုအဖွဲ့၏ဦးဆောင်မှုဖြင့် အမှတ်(၂)ရပ်ကွက်၊ မြို့မဈေးကြီးအနီး၌ ယမန်နေ့နံနက်ပိုင်းက အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမင်းမင်းဗိုလ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကို၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါက်တာကြည်ကြည်မြင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ခေတ္တအမှုဆောင်အရာရှိ ဒေါ်မြမြသင်းတို့အဖွဲ့သည် ဆန်(၁)ပြည်လျှင် (၂၀၀၀)ကျပ်ဖြင့် ဆန်(၁၀)အိတ်အား တစ်ဦးလျှင်(၂)ပြည်နှုန်းဖြင့်လည်းကောင်း၊ ဆီ(၁)ပိဿာလျှင် (၇၂၀၀) ကျပ်ဖြင့် ဆီ(၂၂၀)ပိဿာအား တစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့်လည်းကောင်း၊ ကြက်ဥ(၁) လုံးလျှင် (၃၃၀) ကျပ်ဖြင့် ကြက်ဥ(၁၀၀၀)လုံးအား တစ်ဦးလျှင် (၁၀)လုံးဖြင့်လည်းကောင်း ပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်