လပွတ္တာ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများသို့ အခြေခံစားသောက်ကုန်များအား ယနေ့နံနက် ၇ နာရီက အမှတ်(၇)ရပ်ကွက်၊ နန္ဒာဝန်ပျံကျဈေး တွင် သက်သာသောဈေးနှုန်းဖြင့် လက်ဝယ်အရောက်ရောင်းချ ပေးလျက်ရှိသည်။
ထိုသို့ရောင်းချပေးရာ၌ ခရိုင်နှင့်မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ် ကျဆင်းရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ဆန် (၁) ပြည် အား (၂၀၀၀)ကျပ်နှုန်းဖြင့် ဆန် (၁၀) အိတ်၊ ဆီတစ်ပိဿာ (၇၀၀၀) ကျပ်နှုန်းဖြင့် (၁၁၀) ပိဿာ၊ ကြက်ဥ(၁)လုံး၊ (၃၃၀) ကျပ်နှုန်းဖြင့် အလုံး (၆၀၀) အား ဈေးနှုန်းချိုသာစွာဖြင့်စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။
အဆိုပါ ရောင်းချနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့၊ အဖွဲ့ဝင်- ၁ဗိုလ်မှူးကျော်ဇင်ငြိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဒေါ်လေးမြမြဦးနှင့် ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ကြပြီး ဇွန်လ (၉) ရက် နေ့မှစ၍ (၁) ပတ်လျင် တစ်ကြိမ်ရောင်းချပေးသွားမည်ဖြစ် ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)