ကန့်ဘလူမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကွန်ပျူတာအခြေခံသင်တန်း(၄ /၂၀၂၅) ဖွင့်လှစ်

ကန့်ဘလူ ဇွန် ၈

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဥ်(၄/၂၀၂၅)ဖွင့်ပွဲကို ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန တွင် ဇွန် ၄ ရက်က ကျင်းပပြုလုပ်ကာ သင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူးဒေါ်နန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးမျိုးကိုကိုအောင်က သင်တန်းတွင် သင်ကြားပေးမည့် ကွန်ပျူတာအခြေခံဘာသာရပ်များနှင့်ပတ် သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ကွန်ပျူတာအခြေခံသင်တန်းတွင် သင်တန်းသား/သင်တန်းသူ ၁၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ ဇွန် ၃ ရက်မှ ဇူလိုင် ၂ ရက်ထိ တစ်လကြာ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ ကိုင် တွယ်အသုံးပြုနည်း၊ မြန်မာစာနှင့်အင်္ဂလိပ်စာ လက်ကွက်များလေ့ကျင်းနည်း၊ Microsoft Word ၊Excel ၊ Power Point စသည်တို့ကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)