ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ပဥ္စမနေ့ ယှဥ်ပြိုင်နေမှု တက်ရောက်ကြည့်ရှုအားပေး

တောင်ကြီး ဇွန် ၈

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသား၊အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ပဉ္စမနေ့ ပွဲစဥ်များကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ အားက စားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ပဉ္စမနေ့ပြိုင်ပွဲတွင် အမျိုးသမီးပွဲစဥ်အဖြစ် အုပ်စု(က)မှ ကချင်ပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်း ယှဥ်ပြိုင်ကစားကြရာ ကချင်ပြည်နယ်သင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ နေပြည်တော်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း ယှဥ်ပြိုင်ကစားကြရာ ပဲခူးတိုင်းဒေသကြီးအသင်းက သုံးပွဲတစ်ပွဲဖြင့် လည်းကောင်း၊ အုပ်စု(ခ)မှ ရှမ်းပြည် နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ အုပ်စု(ဂ)မှ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ အုပ်စု(ဃ)မှ ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားပွဲစဥ်တွင် အုပ်စု(ဃ)မှ ရှမ်းပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ် အသင်းကသုံးပွဲဖြင့်လည်းကောင်း၊ အုပ်စု(ခ)မှ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိသွားကြောင်း သိရသည်။

ဆက်လက်၍ ၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိူးသား၊ အမျိုးသမီး ဘော်လီဘော အားကစားသမားအတွက် ရှမ်းပြည်နယ်အစိုးရ ကစားစရိတ်များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)