မုံရွာ ဇွန် ၈
သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး ခြင်စားငါး(ဒေါင်းငါး)များ ဖြန့်ဝေပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း-(အလုံ)ရှိ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုး ရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး ခြင်စားငါး(ဒေါင်းငါး)များ ဖြန့်ဝေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးထံ ခြင်စားငါး (ဒေါင်းငါး)များအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသကြီး ပညာရေးမှူးထံ ခြင်စားငါး (ဒေါင်းငါး) များအားလည်းကောင်း၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံ ခြင်စားငါး(ဒေါင်းငါး)များအားလည်းကောင်း အသီးသီး ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး ခြင်စားငါး(ဒေါင်းငါး)များ ဖြန့်ဝေပေးခြင်း အခမ်းအနားတွင် ခြင်စားငါး(ဒေါင်းငါး)ကောင်ရေ ၁၀၀၀၀ အား ဖြန့်ဝေ ပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ သမိုင်းဝင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သမိုင်းဝင်ဆုတောင်းပြည့် စေတီ တော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူနိုင်ရေး ဂေါပကအဖွဲ့ဝင်များအနေဖြင့် စေတနာ ရှင်အလှူရှင်များအား ဖိတ်ခေါ်၍ စေတီတော်ကြီးအား အမြန်ဆုံး ရွှေသင်္ကန်းကပ် လှူပူဇော်နိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လုံးတော်ပြည့် ရွှေသင်္ကန်း မကပ်လှူမီအချိန်တွင် လက်ရှိစေတီတော်ကြီး၏ ရွှေမိုက်များအား စနစ်တကျ အလေအလွင့်မရှိ ကော်မတီဖွဲ့ကာ ပြန်လည်သိမ်းဆည်းသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း စေတီတော်ကြီးလုံးတော် ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်း၍ လှူဒါန်းပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သမိုင်းဝင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိမှုများအား ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စေတီတော်ကြီးအတွင်းရှိ သမိုင်းဝင်ရန်အောင်မြင်စေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းပြန်လည် ကပ်လှူပူဇော်ပြီးစီးမှုနှင့် သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရန်အတွက် စေတီတော်ကြီးတစ်ပတ် လှည့်လည်ကြည့်ရှုဖူးမျှော်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)