ဓနုဖြူ ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထွန်ယက်မြေခံထည့်သွင်းပွဲကို ယနေ့ ဇွန်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ရေလဲကျေးရွာအုပ်စု၊ ရေလဲကျေးရွာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထွန်ယက်ထည့်သွင်းပွဲအား ရေလဲကျေးရွာရှိ တောင်သူ ဦးအေးနိုင်၏ ကွင်းအမှတ်(၁၇၅)၊ ဦးပိုင်(၄၀/၂)၊ ဧရိယာ(၆.၂၅)ဧကတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး တောင်သူဦးအေးနိုင်၏ လယ်ယာမြေအတွင်း ကြဲပက်စိုက်ပျိုးထားသော သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ပင်များအား ထယ်ထိုး၍ မြေမြုပ်ထည့်သွင်း သရုပ်ပြမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)