ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မအူပင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၏ ကွင်းဆင်းကုသ

ပန်းတနော် ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ချောင်းကလေးကျေးရွာအုပ်စု၊ ၁၆ ကုတင်ဆံ့ ချောင်းကလေးတိုက်နယ်ဆေးရုံ၌ မအူပင်ခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများပါ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း စုစုပေါင်းအင်အား(၅၇)ဦးတို့သည် ပန်းတနော်မြို့နယ်အတွင်း ကျေးလက်နေပြည်သူများအားလုံး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုများကို အရည်အသွေးပြည့်မီစွာရရှိစေရေး အထူးအလေးထားဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပန်းတနော်မြို့နယ်၊ ချောင်းကလေးကျေးရွာအုပ်စု တိုက်နယ်ဆေးရုံတွင် ကွင်းဆင်းကုသခြင်းများအား ကြည့်ရှုအားပေးခဲ့သည်။

အစီအစဉ်တွင် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအနေဖြင့် ပန်းတနော်မြို့နယ်၊ ချောင်းကလေးအုပ်စု၊ ဆုတောင်းပြည့်ကျေးရွာအုပ်စု၊ ကပိုင်‌ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာအုပ်စုများမှ ပြည်သူ(၄၆၉)ဦးအား ခွဲစိတ်အထူးကုသပေးခြင်း၊ မျက်စိအထူးကုသပေးခြင်း၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုသပေးခြင်း၊ သွားနှင့် ခံတွင်းအထူးကုသပေးခြင်း၊ အရိုးအထူးကုသပေးခြင်းဖြင့်လည်းကောင်း၊ ကလေးအထူးကု၊ သားဖွားနှင့်မီးယပ်အထူးကု၊ စိတ်ကျန်းမာရေးအထူးကုသပေးခြင်း စသည့်ကျန်းမာရေးစောင့်ရှောက်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)