ချောင်းသာမြို့၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်းအမှတ်စဥ်(၁/၂၀၂၅) ပစ်ခတ်စဥ်မပါ သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်

ချောင်းသာ ဇွန် ၆

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်းအမှတ်စဥ်(၁/၂၀၂၅) ပစ်ခတ်စဥ်မပါ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ‌‌‌၌ ကျင်းပပြုလုပ်သည်။  

ရှေးဦးစွာအခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးဦးသီဟအောင်က သင်တန်းဖွင့်လှစ်ခဲ့ရခြင်း ရည်ရွယ်ချက်များနှင့် ဒေသလုံခြုံရေးကို စွမ်းစွမ်းတမံဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး ကံကြီးတပ်စခန်းမှူးဗိုလ်မှူးဆန်းယုအောင်နှင့် တာဝန်ရှိသူများက သင်တန်းတွင် အားသွန်ခွန်စိုက်ကြိုးစားအားထုတ်ခဲ့သော သင်တန်းသားများအား သင်တန်းထူးချွန် ဆုများနှင့် သင်တန်းသားများအတွက် စားနပ်ရိက္ခာများကို ချီးမြှင့်ထောက်ပံ့ပေးခဲ့သည်။

 အဆိုပါ ချောင်းသာမြို့၌  ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေး အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ပစ်ခတ်စဉ်မပါသင်တန်းကို (၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား (၅၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)