ငါးသိုင်းချောင်း ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်းအမှတ်စဉ်(၁/၂၀၂၅) (ပစ်ခတ်စဉ်မပါ)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က ငါးသိုင်းချောင်း မြို့ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ရဲသီဟထွန်း၊ ငသခမြို့အုပ်ချုပ်ရေးမှူး၊ ငသခစခန်းမှူးနှင့် တာဝန်ရှိဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ သင်တန်းသားများ အင်အား ၆၀ ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ၁ ဗိုလ်မှူး ရဲသီဟထွန်းက သင်တန်းဆင်းမိန့်ခွန်းပြောကြား၍ သင်တန်းသားများအား ထောက်ပံ့ပစ္စည်းများပေးအပ်ကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)