အုတ်တွင်းမြို့နယ်၌ ခပေါင်းရေလှောင်တမံနှင့် ပတ်သက်သည့်  မိုးရာသီသဘာဝဘေးဆိုင်ရာ အရေးပေါ်ကြိုတင်စီမံဆောင်ရွက်ထားရှိမှု(EPP)ရှင်းလင်းပွဲကျင်းပ

အုတ်တွင်း ဇွန်

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချ မှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ခပေါင်းရေလှောင်တမံနှင့် ပတ်သက်သည့် မိုးရာသီသဘာဝဘေးဆိုင်ရာ အရေးပေါ်ကြိုတင်စီမံဆောင်ရွက်ထားရှိမှု(EPP)ရှင်းလင်းပွဲကို ဇွန်လ ၅ ရက်နေ့နံနက်၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊သီရိရတနာခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဆည် မြောင်းတည်ဆောက်ရေးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးထွန်းဝင်းဦးက မိုးရာသီအတွင်း ရေကြီးရေလျှံမှုနှင့် ငလျင်လှုပ်ခတ်ခြင်းကဲ့သို့ သဘာဝဘေး အန္တရာယ်များကြောင့် ခပေါင်းရေလှောင်တမံနှင့် ဆက်စပ်ရေအားအဆောက်အအုံများ ကျိုးပေါက်ပျက်စီးမှုမဖြစ်ပေါ်စေရေးအတွက် ဌာနမှပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရန်နှင့် အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပေါ်လာပါက တမံအောက်ရှိပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်အတွက် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်သည့်ဌာနများပူးပေါင်း၍ ကြိုတင်စီမံ ဆောင်ရွက်နိုင်ရန် ဤအရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက်ကို ရေးဆွဲတင်ပြရခြင်းဖြစ်ကြောင်းနှင့် အရေးပေါ်အခြေအနေအဆင့်(၃)ဆင့်သတ် မှတ်ခြင်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ဆည်မြောင်းတည်ဆောက်ရေးမှပုံဆွဲ - ၁ ဦးကြည်စိုးကခပေါင်း ရေလှောင်တမံ အရေးပေါ်အခြေအနေ ကြိုတင်စီမံချက်များအား ရှင်းလင်းပြောကြားပေးခဲ့ပြီး သက်ဆိုင်ရာ  တာဝန်ရှိသူများမှလည်း ကဏ္ဍအလိုက် အသီးသီးဆွေးနွေးပြောကြားခဲ့ကြသည်။

အဆိုပါ ခပေါင်းရေလှောင်တမံနှင့် ပတ်သက်သည့် မိုးရာသီသဘာဝဘေးဆိုင်ရာ အရေးပေါ်ကြိုတင်စီမံဆောင်ရွက်ထားရှိမှု(EPP)ရှင်းလင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှုးနှင့် ဝန်ထမ်းများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ဝန်ထမ်း များတက်ရောက်ခဲ့ကြကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊(တည် ဆောက်ရေး)ဦးစီးအရာရှိထံမှသိရသည်။

ခင်ခင်မာ