ဒဂုံမြောက် ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စတင်ပညာသင်ကြားလျက်ရှိသည်။
ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးသန်းဝင်း၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊သက်ဆိုင်ရာကျောင်းများရှိကျောင်းအုပ်ကြီးများ၊ဆရာ၊ဆရာမများနှင့်ကျောင်းသားမိဘများက လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အခြေခံပညာမူလတန်းကျောင်း(၂၄)ကျောင်း၊ မူလတန်းလွန် (၁)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်းနှင့် အထက် တန်းကျောင်း(၅)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁)ကျောင်း စုစုပေါင်းကျောင်း(၃၂)ကျောင်းတွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် တစ်မြို့နယ်လုံးစာရင်းရှိကျောင်းသား၊ကျောင်းသူ ၂၄၅၉၇ ဦးရှိရာ မေလ ၂၂ ရက်မှစ၍ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံပြီးသည့် ကျောင်းသား၊ ကျောင်းသူ ၂၃၂၈၇ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
မြင့်မြင့်ရီ