မိုးညှင်းမြို့၌ ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိုးညှင်း ဇွန် ၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ (၅)ရက် နံနက် (၈)နာရီက စုပေါင်းရုံးအနီးကွင်းပြင်၌ ကျင်းပသည်။

အဆိုပါ စိုက်ပျိုးကြရာတွင် ဒေသပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တော သစ်ပင်နှင့် ဇီဝမျိုးကွဲများကို ချစ်မြတ်နိုးတတ်စေရန်၊ ဂေဟစနစ်တည်ငြိမ်မှုအား အထောက်အကူပြုစေရန်၊ သစ်တောပြုန်းတီးခြင်းမှ ကာကွယ်စေရန်နှင့် လေကောင်းလေသန့်များ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ သစ်ပင်စိုက်ပျိုးပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ အမြင့်နှစ်ပေ အထက်ရှိသော အရိပ်ရ နှစ်ရှည်အပင်များဖြစ်သည့် ခရေ (၅၄၀)၊ ကံ့ကော် (၅၃၀)၊ ပျဉ်းမ (၁၃၀)၊ ပိတောက် (၁၀၀)၊ ကျွန်း (၃၀)၊ ယမနေ (၃၀)၊ မျောက်ငို (၃၀)၊ ပျဉ်းကတိုး (၃၀)၊ မန်ဂျာရှား (၅၀)နှင့် မဟော်ဂနီ (၃၀) စုစုပေါင်းပျိုးပင် (၁၅၀၀)တို့ကို တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင် ဦးဆောင်သည့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ကိုကိုဝင်းနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများက သတ်မှတ်နေရာများ အသီးသီးတွင် တပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း