ကျိုက်လတ် ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှု အခြေအနေများအား တာဝန်ရှိသူများ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံပြီးစီးမှု အခြေအနေ များ၊ စာသင်ကြားနေမှု အခြေအနေများ၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားရှိမှုများနှင့် ကျောင်းလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်ရှိ အခြေခံပညာကျောင်း (၂၀၃) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၂၁၆၀)ဦး အေးချမ်း ပျော်ရွင်စွာဖြင့် တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
လှိုင်မင်းအောင်