ပိုင်ကျုံ ဇွန် ၅
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ဇွန်လ ၅ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ပိုင်ကျုံမြို့ အမှတ် (၁) ရပ်ကွက် အ-မ-က နို့ထို့ခေးကျောင်း၌ ကျင်းပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် လှိုင်းဘွဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ၊ ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး ဆောင်ပုဒ်နှင့်အညီ ပလတ်စတစ် ထုတ်လုပ်သုံးစွဲမှု လျှော့ရေးနည်းလမ်းများ၊ သစ်တော၊ သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများ၊ ပြည်သူများ သစ်တောသစ်ပင်များ ပြုန်းတီးမှုမရှိစေရေးနှင့် ထပ်မံစိုက်ပျိုးထိန်းသိမ်းရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အ-မ-က နို့ထို့ခေးကျောင်းအုပ်ဆရာကြီးထံ အမှတ်တရသစ်ပင်များ ပေးအပ်ခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပိုင်ကျုံမြို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများတို့က မဟော်ဂနီ(၂၀၀)ပင်၊ ကျွန်း (၂၀၀) ပင်၊ စိန်ပန်းနီ (၂၀၀) ပင်နှင့် မန်ဂျန်ရှား (၂၅၀) ပင် စုစုပေါင်းအပင် (၈၅၀) ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)