တောင်ငူ ဇွန် ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် လူမှုဖူလုံရေးရုံး၊ ဆေးပေးခန်း၌ တောင်ငူမြို့နယ် လူမှုဖူလုံရေးအဖွဲ့နှင့် တော်ဝင်နဂါး ရောဂါရှာဖွေရေးစင်တာ(ရန်ကုန်)တို့ပူးပေါင်း၍ မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးကြည့်ရှုစစ်ဆေးပေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးပေးရာတွင် တောင်ငူမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား သွေးပေါင်ချိန်နှင့် ကိုယ်အလေးချိန်တိုင်းတာခြင်း၊ ဆရာဝန်များက ကျန်းမာရေးကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် ဆေးဝါးများထုတ်ပေးခြင်း၊ လေးဖက်နာပိုးနှင့် သွေးလေးဖက်နာပိုး စစ်ဆေးခြင်း၊ အသည်းအင်ဇိုင်းများ စစ်ဆေးခြင်း၊ ကျောက်ကပ်နှင့် နှလုံး ECG စစ်ဆေးခြင်း၊ သွေးထဲရှိ သွေးနီဥ၊ သွေးဖြူဥ၊ သွေးမွှေးဆဲလ်အရည်အတွက် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ကျန်းမာရေးကြည့်ရှုစစ်ဆေးပေးခြင်းကို ဇွန် ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ အလုပ်ဌာနများအရောက် သွားရောက်၍ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး ဇွန် ၄ ရက်နေ့တွင် အာမခံအလုပ်သမား(၄၀၀)ဦးအား ကျန်းမာရေး ကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)