ကဝ ဇွန် ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ဇွန်လ ၄ ရက်နေ့နံနက် (၁၀)နာရီက ကဝမြို့နယ် ငါးထပ်ကြီးဘုရားရင်ပြင်တော်တွင်ဆောင်ရွက်ခဲ့သည်။
ပထမဦးစွာ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မန်နေဂျာဦးမင်းနိုင်က ချေးငွေထုတ်တောင်သူများ သိရှိလိုက်နာရမည့် ဘဏ်ချေးငွေဆိုင်ရာ စည်းမျဥ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ၂၀၂၄ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား အကြေအလည်ပေးဆပ်ပြီးဖြစ်သည့် ကဝမြို့နယ်၊ ဘုမ္မစိုးကျေးရွာအတွင်းမှ တောင်သူ (၂၀၀)ဦးအတွက် လယ်မြေတစ်ဧကလျှင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် လယ်မြေဧက (၁၃၈၄)ဧကအတွက် စုစုပေါင်းငွေကျပ် (၂၀၇၆၀၀၀၀၀) နှစ်ထောင့်ခုနှစ်ဆယ့်ခြောက်သိန်းကျပ်ကို ထုတ်ချေးပြီးဖြစ်ကြောင်းနှင့် ချေးငွေအကြေအလည်ပေးဆပ်ပြီးတောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မန်နေဂျာထံမှသိရသည်။
ရဲဇော်ဟိန်း