ကဝမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ကဝ ဇွန် ၅

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲအခမ်းအနားဖွင့်ပွဲကို ဇွန်လ ၄ ရက်နေ့နံနက်(၉)နာရီက ကဝမြို့နယ်၊ စက်ကျောင်း၊ ကျောင်းတိုက်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး၊ ကဝမြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ကံမြင့်ကျောင်းဆရာတော်ထံမှ ငါးပါးသီလနှင့် အဖွင့်သြဝါဒကထ နာကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးရဲထွန်းက သာသနာရေးကိစ္စရပ်များအားလျှောက်ထားတင်ပြခဲ့သည်။

ထို့နောက်ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ အဆိုပါစာမေးပွဲတွင် ပထမကြီးတန်း (၃)ပါး၊ ပထမလတ်တန်း (၂)ပါး၊ ပထမငယ်တန်း (၈)ပါး၊ အခြေပြုမူလတန်း (၄၉)ပါး၊ စုစုပေါင်း (၆၂)ပါး ဖြေဆိုမည်ဖြစ်ကြောင်းနှင့် ၂၀၂၅ခုနှစ်  ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ (၄)ရက်နေ့မှ ဇွန်လ (၁၀)ရက်နေ့ထိ(၇)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲဇော်ဟိန်း