မြောင်းမြမြို့တွင် ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ရဟန်း၊ ရှင်သာမဏေနှင့် သီလရှင်(၂၁၀)ပါး ဝင်ရောက်ဖြေဆို

မြောင်းမြ ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါဠိပထမပြန် စာမေးပွဲများကို အမှတ်(၈)ရပ်ကွက်၊ အလယ်တောရကျောင်းတိုက်အတွင်း၊ ရွှေဗဟိုဗိမန်၌ ယနေ့နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲများတွင် အကြီးတန်း၊ အလယ်တန်း၊ အငယ်တန်းနှင့် အခြေပြုမူစသည့် အတန်းအသီးသီးတို့၌ ဒွေမာတိကာဘာသာရပ်၊ နွေမာတိကာဘာသာရပ်၊ ဘိက္ခုပါတိမောက် ဘာသာရပ်များကို ရဟန်း (၄၄) ပါး၊ ရှင်သာမဏေ (၁၅၂) ပါး၊  သီလရှင် (၁၄) ပါး၊ စုစုပေါင်း (၂၁၀)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုသံဃာတော်နှင့် သီလရှင်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒဆရာတော်များ၊ စာဖြေဌာန ကြီးကြပ်ရေးဆရာတော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)