မောက်မယ်မြို့နယ်၌ မြေငှားဂရန်ရရှိရေး ကွင်းဆင်းဆောင်ရွက်

မောက်မယ် ဇွန် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ဒေသခံပြည်သူများ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုများပိုမိုရရှိရေး နိုင်ငံတော်မှ ရသင့်ရထိုက်သောအခွန်ငွေများ ရရှိစေရေးအတွက် ရပ်ကွက်မြေများ(၁၀)နှစ် မြေငှားဂရန် ရရှိပိုင်ဆိုင်ရေးအတွက် မြေငှားဂရန်ရရှိရေး ယနေ့နံနက် ၁၀ နာရီက ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်သော  ဌာနဆိုင်ရာတာဝန်ရှိသူများတို့က စျေးတန်းရပ်ကွက်နှင့် မွေတော်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)