ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှု ကြည့်ရှု အားပေး

ပဲခူး ဇွန် 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက ပညာသင်ကြားနေမှုအခြေအနေနှင့် ကျောင်းသားနှင့်ဆရာ အချိုးတို့ကို တင်ပြရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရေး ကျန်းမာရေးဂရုပြုရန်၊ ယင်လုံအိမ်သာများသုံးစွဲရန်၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး ဆောင်ရွက်ရန်နှင့် သီးခြား လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

သက်ဖြိုးကြိုင်(ပြန်/ဆက်)