မိုးကောင်း ဇွန် ၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အခြေခံပညာစာသင်ကျောင်းများကို ဇွန်လ (၂) ရက်နေ့မှစတင်ဖွင်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
မိုးကောင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၃၀)၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၄) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး (ဘက) ကျောင်း (၆) ကျောင်းရှိပြီး အထက်တန်းအဆင့် (၃၀၃၅) ဦး၊ အလယ်တန်းအဆင့် (၅၅၈၈) ဦး၊ မူလတန်းအဆင့် (၁၄၃၆၁) ဦး စုစုပေါင်းကျောင်းသားဦးရေ (၂၂၉၈၄) ဦးတို့သည် သက်ဆိုင်ရာ ကျောင်းအသီးသီးတို့၌ ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး (ပြန်/ဆက်)