သဲကုန်း ဇွန် ၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ် ကျင်းပသောအစိုးရပါဠိပထမပြန် စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ဘုရားကြီးလမ်းရှိ၊ သာရမဥ္ဇူသာမိုးကောင်းဘုရားဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲအား သဲကုန်းမြို့နယ်စာစစ်ဌာနတွင် မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းအသီးသီးမှ ရဟန်း၊ ရှင်သာမဏေ၊ သီလရှင်ပထမကြီးတန်းတွင် (၄) ပါး၊ ပထမလတ်တန်းတွင် (၁၂) ပါး၊ ပထမငယ်တန်းတွင် (၁၅)ပါး၊ အခြေပြုမူလတန်းတွင် (၃၂)ပါး၊၊ စုစုပေါင်း (၆၃)ပါး ကြွရောက်ဖြေဆိုလျက်ရှိရာ စာမေးပွဲဖြေဆိုနေမှုများအား သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ မြို့သစ်ကျောင်းတိုက်ဦးစီးပဓာနနာယက၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဦးသြသဓနှင့် ဩဝါဒစရိယဆရာတော်များက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ(၄)ရက်မှ (၁၀)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း စာမေးပွဲများကို နေ့ရက်အလိုက် ဘာသာရပ်စာမေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)