အုတ်တွင်း ဇွန် ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေ ရေး၊ဂေဟစနစ်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်စေရေးအတွက် ရည်ရွယ်၍ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကျင်းပခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က အခြေခံပညာအထက်တန်း(အုတ်တွင်း)ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့် အဖွဲ့ဝင်များမှ ပျိုးပင်များပေးအပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိထွန်းနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်အိရွှေဇင်အောင်တို့က ပျိုးပင်များ လက်ခံရယူကြသည်။
ဆက်လက်၍ ကျွန်း၊ ပျဥ်းမ၊ ပိတောက်၊ မဟော်ဂနီ၊ ခရေပင်စုစုပေါင်းပျိုးပင် (၅၀၀) ပင်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့် အဖွဲ့ဝင်များ ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းသန်းထိုက်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ /ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အင်အား (၃၀၀) ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)