ကျိုက်လတ်၌ တရားမဝင်အကောက်ခွန်မဲ့ ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်း ရှိ၊ မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျိုက်လတ် ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် တရားမဝင် အကောက်ခွန်မဲ့ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်းများ မရှိစေရေး မြို့ပေါ်ရပ်ကွက်များရှိ ဆိုင်ကယ် အရောင်းဆိုင်များအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကျော်စိုး ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက်များရှိ ဆိုင်ကယ်အရောင်းဆိုင်များတွင် တရားမဝင် အကောက်ခွန်မဲ့ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြရာ နိုင်ငံ‌တော်အခွန်ပေးဆောင်ပြီး ရောင်းချနေသော ဆိုင်ကယ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး တရားမဝင်လိုင်စင်မဲ့ဆိုင်ကယ်များအား ရောင်းဝယ်ခြင်းမပြုလုပ်ရန် ဆိုင်ပိုင်ရှင်များနှင့် ဆိုင်တာဝန်ခံများအား ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)