ညောင်တုန်းမြို့ မြစ်ကမ်းပါးအ‌ခြေအနေများအား ကြည့်ရှုစစ်ဆေး

ညောင်တုန်း ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အမှတ်(၄)ရပ်ကွက်နှင့် ရန်ကင်းစံရာကျေးရွာအုပ်စုတို့ရှိ မြစ်ကမ်းပါးပြိုကျခဲ့သည့် နေရာများသို့ ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့သို့ ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြိုနယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် အဖွဲ့ဝင်များက မြစ်ကမ်းပါးပြိုကျခဲ့သည့် ညောင်တုန်းမြို့၊ အမှတ် (၄) ရပ်ကွက်၊ တိုးချဲ့နယ်မြေနှင့် ရန်ကင်းစံရာကျေးရွာအုပ်စု၊ အနောက်ကျွန်းကျေးရွာရှိ မြစ်ကမ်းပါးအ‌ခြေအ‌နေများကို ကြည့်ရှုစစ်ဆေးရာ ခရိုင်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အုန်းက မြစ်ကမ်းပါးပြိုကျမှုနှင့် မြစ်ရေစီးဆင်းမှုအ‌ခြေအ‌နေများ၊ မြစ်ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)