ကျောင်းကုန်း ဇွန် ၄
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကွမ်းခြံကုန်းအုပ်စု၊ မီး သွေးတိုက်အနောက်စုကျေးရွာ ဝိမလရာမိက ကျောင်းတိုက်၌ သီးနှံအထွက်တိုးရေး တောင် သူများအား နည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနလက်ထောက်ဦးစီးမှူး ဒေါ်ခင်စန်းဝေက ကြဲခင်း စနစ်ပ ပျောက်ရေး၊ မျိုးစေ့ချကိရိယာ (drum seeder) သုံးစွဲနိုင်ရေး၊ သစ်စိမ်းမြေသြဇာ(ပိုက် ဆံလျော်) ထည့်သွင်းသုံးစွဲနိုင်ရေး၊ ပိုက်ဆံလျှော်၏အကျိုးကျေးဇူးများကို ဆွေးနွေးခဲ့ပြီး၊ ဒုတိယလက်ထောက်ဦးစီးမှူး ဦးဟိန်းဇော်ထက်က မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေး၊ မျိုးစေ့ အကြောင်းသိကောင်းစရာများ၊ ပိုးမွှားရောဂါကြိုတင်ကာကွယ် နှိမ်နှင်းနိုင်ရေးနှင့် ပိုးမွှားရောဂါအကြောင်းသိကောင်းစရာများကိုဆွေးနွေးခဲ့သည်။
ထို့နောက် ဒုတိယလက်ထောက်ဦးစီးမှူး ဦးဇေယျာမြင့် ကဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး ပဲပုတ်သီးနှံတိုးချဲစိုက်ပျိုးနိုင်ရေးနှင့် တစ်ဧကလျှင် (၁၃)တင်းနှုန်းတိုးထွက်ရေး တောင်သူနည်း ပညာပေးဆွေးနွေးခဲ့ပြီး၊ အဆိုပါဆွေးနွေးပွဲသို့ ဒေသခံတောင်သူ(၆၂)ဦးတို့ တက်ရောက်ခဲ့ကြသည်။ အလားတူနေ့လယ်ပိုင်းတွင် အမှတ်(၅)ရပ်ကွက်၌လည်း တောင်သူများအား နည်းပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)