ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ (၁၄၃၃၀)ဦး အေးချမ်းစွာပညာသင်ကြားလျက်ရှိ

ထန်းတပင်(ပဲခူး) ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းမှစတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကျောင်းများကို ဇွန်လ၂ရက်နေ့မှ စတင်ဖွင့်လှစ် ပညာသင်ကြားပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်အတွက် တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် အထက်တန်းအဆင့် (၁၃၂၂)ဦး၊ အလယ်တန်းအဆင့် (၃၀၄၇)ဦး၊ မူလတန်းအဆင့်(၉၉၆၁)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၄၃၃၀)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)