ချောက် ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ပြည်သူ့ဆေးရုံ၌ အမွှာမွေးမိခင်ထောက်ပံ့ခြင်းနှင့် ဆေးရုံအခြေပြု ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ယင်းဆေးရုံပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ချောက်မြို့ ပြည်သူ့ဆေးရုံ၌ အမှတ်(၁၃)ရပ်ကွက်နေ (အဖ)ဦးဝင်းလွင်ဦး (အမိ)ဒေါ်သီတာအေး တို့၏ အမွှာသား(၂)ဦးအား တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၁၀၀၀၀၀ နှင့် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးတို့မှ အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦး ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများက ဆေးရုံအခြေပြု ကိုဗစ်ကာကွယ်ဆေးကို ပြည်သူများအားထိုးနှံပေးခဲ့ရာ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)