ဟင်္သာတ ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ တာကလေးရပ်ကွက်၊ မိုးကောင်းကျောင်းလမ်းရှိ မိုးကောင်းပရိယတ္တိစာသင်တိုက် အောင်ပြည့်ဖြိုးဦးသာသနာ့ဗိမ္မာန် တော်ကြီးအတွင်း၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပပြုလုပ်လျက်သည်။
အဆိုပါ စာမေးပွဲများကို ဇွန်လ ၂ ရက်နေ့မှ စတင်၍ ၁၀ ရက်နေ့အထိ သက်ဆိုင်ရာ ဘာသာများအလိုက် ဖြေဆိုကြမည်ဖြစ်ရာ ယနေ့တွင် ဓမ္မသင်္ဂဏီ (ပ) ဘာသာရပ်တွင် စာရင်းရှိ သံဃာ(၂၇) ပါး၊ သီလရှင်(၆)ပါး၊ လူပုဂ္ဂိုလ်(၁)ဦး ဖြစ်ကြောင်းနှင့် ဖြေဆို သံဃာ (၂၄)ပါး၊ သီလရှင်(၆)ပါး၊ လူပုဂ္ဂိုလ်(၁)ဦး တို့ဖြေဆိုခဲ့ကြပြီး ပျက်ကွက်သံဃာ(၃)ပါး ဖြစ်ကြောင်း ခရိုင်သာသနာရေးမှူးရုံးမှ သိရသည်။
ခရိုင်
ပြန်ဆက် (ဟင်္သာတ)