ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်‌တင်ရေး စာဖတ်ဝိုင်း‌ဆွေးနွေးပွဲပြုလုပ်

ပခုက္ကူ ဇွန် ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာမအသွင်ဆန်း(ပခုက္ကူ)က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပခုက္ကူမြို့နယ် စာရေးဆရာအသင်းဝင် စာရေးဆရာ သုခဆွေ(ပညာရေး)က “ဟာသစာပေ အကြောင်းတစေ့တစောင်း” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့် မြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာ၊ ဆရာမများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ပြန်လည်ဆွေးနွေးကြပြီး ခရိုင်ပြည်သူ့စာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ် စာစောင်များကို မြို့နယ်စာရေးဆရာအသင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)