ရေနံချောင်း ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ရေဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပွားစေရန်ရည်ရွယ်၍ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ညောင်လှရပ်ကွက် ကမ်းနားရပ်နှင့် ရေနံချောင်းမြို့မဈေးကြီးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ပြာစိုးနှင့် ဝန်ထမ်းများက ညောင်လှရပ်ကွက် ကမ်းနားရပ် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်တွင် နေထိုင်သည့် ဒေသခံပြည်သူများ၊ ရေလုပ်သားများနှင့် ရေနံချောင်းမြို့မဈေးကြီးအတွင်းရှိ ဈေးရောင်းဈေးဝယ် ပြည်သူများအနေဖြင့် ရေကြီးရေလျှံမှုများနှင့် ရေဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ ရေကြီးနေစဉ်နှင့် ရေပြန်လည်ကျဆင်းချိန်များတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ ပါဝင်သည့် ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများသိရှိလိုက်နာနိုင်စေရန် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး(ရေနံမြေ)