၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှင့်၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြစ်ကြီးနားတက္ကသိုလ် အေးချမ်းစွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိ

မြစ်ကြီးနား ဇွန် ၃

မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကို ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက တည်ငြိမ်‌အေးချမ်းစွာ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်တွင် ပထမနှစ်၊ ဒုတိယနှစ်၊တတိယနှစ်၊ စတုတ္ထနှစ် (ပဝက်၊ဒုဝက်)၊ ပဥ္စမနှစ်၊ ဂုဏ်ထူးတန်းပထမနှစ်၊ ဂုဏ်ထူးတန်းဒုတိယနှစ် (ပဝက်၊ ဒုဝက်)၊ ဂုဏ်ထူးတန်း တတိယနှစ်၊ မဟာအရည်အချင်းစစ်၊ မဟာဘွဲ့ပထမနှစ်၊ မဟာဘွဲ့ဒုတိယနှစ်(ပဝက်၊ဒုဝက်)၊ ပါရဂူတန်း ပထမနှစ်၊ဒုတိယနှစ်တွင် ကျောင်းသား/ကျောင်းသူ (၂၀၀၀) ကျော် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း မြစ်ကြီးနားတက္ကသိုလ်မှ သိရသည်။

ထို့ပြင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် အခြေခံပညာ ကျောင်းများကိုလည်း ဇွန်လ ၂ ရက်နေ့က စတင်ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)