မိုးညှင်း၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

မိုးညှင်း  ဇွန် 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇွန်လ(၅)ရက်တွင် ကျရောက်မည့် (၅၂)နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့်ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီက တက္ကသိုလ်စာသင်ဆောင်၌ ကျင်းပသည်။

ထိုသို့ ကျင်းပရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးနေမှု ပြဿနာများအနက် အခြေအနေနှင့် အချိန်အခါပေါ်တွင်မူတည်၍ နှစ်အလိုက် ဖြစ်ပွားပေါ်ပေါက်နေသည့် အရေးကြီးပြဿနာရပ်များနှင့် အဓိကစိန်ခေါ်နေမှုများကို ပိုမိုသိရှိလာကာ အလေးထားဖြေရှင်း ဆောင်ရွက်လာကြစေရန်ရည်ရွယ်၍ ၎င်းပြိုင်ပွဲတွင် “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး”  ခေါင်းစဉ်ဖြင့် တက္ကသိုလ်အဆင့် ကဗျာပြိုင်ပွဲတွင် (၇)ဦးနှင့် စာစီစာကုံးပြိုင်ပွဲတွင် (၁၄)ဦး စုစုပေါင်း (၂၁)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အဆိုပါပြိုင်ပွဲ၌ ဆုရရှိကြသူများကို ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် (၅၂)နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ တက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးသန်းဝင်းအောင်နှင့် ဝန်ထမ်းများ၊ သင်တန်းရေးရာဌာနမှူးတို့က ကျောင်းသား၊ ကျောင်းသူများ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)