မြစ်ကြီးနား ဇွန် ၃
ကချင်ပြည်နယ် အထက်ပိုင်းဒေသများနှင့် မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း မိုးများ အဆက်မပြက်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်ခဲ့ပြီး ယနေ့ နံနက် ၉ နာရီခွဲတိုင်းတာချက်အရ ဧရာဝတီမြစ်ရေ (၁၀၁၁) စင်တီမီတာထိ ပြန်လည် ကျဆင်းသွားပြီဖြစ်ကြောင်း ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။
မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်ရေစိုးရိမ်ရေအမှတ်မှာ (၁၂၀၀) စင်တီမီတာရှိရာ ဇွန်လ (၂) ရက်နေ့ နံနက်ပိုင်းက စိုးရိမ်ရေအမှတ်ထက်ကျော်လွန်၍ (၁၂၀၅) စင်တီမီတာထိ မြင့်တက်ခဲ့ပြီး မြို့တွင်းရှိ မြေနိမ့်ပိုင်း ရပ်ကွက်များတွင် မြစ်ရေဝင်ရောက်၍ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ဇွန်လ (၃) ရက် (ယနေ့) နံနက်ပိုင်းတွင် (၁၀၁၁) စင်တီမီတာထိ ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)