မြစ်ကြီးနား ဇွန် ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယမန်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းသာယာပျော်ရွှင်စွာ တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၂၁)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၈) ကျောင်း၊ အလယ်တန်းကျောင်း (၁၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၇) ကျောင်း၊ မူလွန်ကျောင်း(၂၅) ကျောင်း၊ မူလတန်းကျောင်း (၅၇) ကျောင်းနှင့် မူလတန်းကျောင်းခွဲ (၁) ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၁၃၁) ကျောင်းဖွင့်လှစ်လျက်ရှိရာ (KG)မှ (G-12)အထိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၆၃၅၃) ဦး ကျောင်းအပ်နှံတက်ရောက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)