ညောင်တုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ အေးချမ်းစွာဖွင့်လှစ်သင်ကြားလျက်ရှိ

ညောင်တုန်း ဇွန် 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ယမန်နေ့နံနက်ပိုင်းမှစ၍ အေးချမ်းစွာ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ညောင်တုန်းမြို့နယ်တွင် အခြေပညာကျောင်း(၂၁၆)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(၅)ကျောင်းတို့တွင် အေးချမ်းစွာဖွင့်လှစ်သင်ကြားလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးမျိုးကျော်နှင့် အဖွဲ့ဝင်များက စာသင်ကြားမှုအ‌ခြေအနေများကို ကြည့်ရှုအားပေး၍ အခြေခံပညာကျောင်းများ၏ သင်ကြားရေးနှင့် ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေး၊ ကျောင်းတွင်း/ကျောင်းပြင်ပလုံခြုံရေးအတွက် လိုအပ်သည်များကို ကျောင်းအုပ်ကြီးများ၊ တာဝန်ခံဆရာ/ဆရာမများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

မြိူ့နယ်(ပြန်ဆက်)