မြန်အောင် ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၌၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၊အခြေခံပညာကျောင်းများအားလုံး ဇွန်လ (၁) ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြား လျက်ရှိပြီး မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၇၂) ကျောင်းတွင် ကျောင်းသား/သူ (၃၄၃၄၀) ဦးအေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ရောက်နေမှုကို မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြန်အောင်ခရိုင်ပညာရေးမှူး ဦးမြင့်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း နှင့်မြို့နယ်ပညာရေးမှူး (တာဝန်ခံ) ဦးဝင်းချိုဦး တို့က သက်ဆိုင်ရာကျောင်း အုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသားကျောင်းသူများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
မြန်အောင်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၂) ကျောင်း၊ အ.ထ.က(ခွဲ) (၁၈) ကျောင်း၊ အ.လ.က (၁၄) ကျောင်း၊ အ.လ.က(ခွဲ)၁၁ ကျောင်း၊ အ.မ.က(မူလွန်) (၅) ကျောင်း ၊အ.မ.က (၂၀၅) ကျောင်း၊ အ.မ.က (ခွဲ) (၃) ကျောင်း၊ဘုန်းတော်ကြီးသင်ကျောင်း (၄) ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၂၇၂) ကျောင်းတွင် ကျောင်းသား/သူပေါင်း စာရင်းရှိ ၃၅၅၁၃ ဦး၊ ကျောင်းအပ်နှံသူ ၃၄၃၄၀ ဦးရှိပြီး ကျောင်းတက်ရောက်သူ ၃၄၃၄၀ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)