ဒေးဒရဲ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ (၂၀၂၅- ၂၀၂၆) ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ လုံခြုံအေးချမ်းစွာ ပညာသင်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ပြီးစီးပြီဖြစ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၂၁) ကျောင်းတွင် အခြေခံပညာမူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၂၂၂၂၂) ဦး၊ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၇၉၁၀)ဦး၊ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၁၉၂)ဦး စုစုပေါင်း (၃၃၃၃၂)ဦး စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ယူလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
အေဇာလင်း(ပြန်/ဆက်)