အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး

အမာ ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယမန်နေ့နံနက် (၉)နာရီ အချိန်က စတင်ထိုးနှံတိုက်‌ကျွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးမှူး ဒေါ်လှမြတ်မင်းက ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိခင်များအား သွေးလွန်တုပ်ကွေးရောဂါအ‌ကြောင်း အသိပညာပေး ဟောပြောပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ အသက်(၂)လမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား  ပုံမှန်ကာကွယ်ဆေးဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေး၊ ထိုးဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်း၊  ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အမာ(ပြန်/ဆက်)