ဘိုကလေး ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြသိန်းတန်ကျေးရွာအုပ်စု၊ မြသိန်းတန်ကျေးရွာတွင် ဇွန်လ(၁)ရက်နေ့ ညနေ (၃)နာရီခွဲ အချိန်က ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ရွာအလယ်တွင် ဆောက်လုပ်ထားသော ပိုင်ရှင် ဦးမြအေး၏ အလျား(၂၅)ပေ၊ အနံ(၁၃)ပေ၊ အမြင့် (၁၈)ပေရှိ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့သည်။
နေအိမ်ပြိုကျမှုကြောင့် လူနှင့် တိရိစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိကြောင်း၊ ကျေးရွာ တာဝန်ရှိသူများက ၎င်းလေဘေးသင့် အိမ်ထောင်စုဝင်(၄)ဦးအား နီးစပ်ရာဆွေမျိုးများထံ ခေတ္တနေရာချထားပေးပြီး အိမ်အမြန်ပြန်လည်တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့်လည်း လေဘေးသင့်အိမ်ထောင်စုဝင်များအား ကူညီထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။
မိုးစက်(ပြန်/ဆက်)